ကန်ကြီးထောင့် မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲကို မတ် ၂၅ ရက် နံနက်ပိုင်းက ကျုံပဒုတ် ကျေးရွာအုပ်စု၊ တကုန်းကြီးကျေးရွာ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က လျှပ်စစ်မီးများအား ခလုပ်နှိပ်၍ ဖွင့်လှစ်ကာ လျှပ်စစ်မီးရရှိသည့်နေအိမ်များမှ မိသားစုဝင်များနှင့် သွားရောက်တွေ့ဆုံသည်။
ထို့နောက် တကုန်းကြီးကျေးရွာ ဝိသုဒ္ဒါရုံကျောင်းတိုက် ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ ဆရာမများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


