ကန်ကြီးထောင့် ၁၁  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ကန်ကြီးထောင့်မြို့နယ်၊အနောက်စုကျေးရွာတွင် အောက်တိုဘာ ၆ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု တစ်စုမှ မိသားစုဝင် ၃ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ နှစ်သိန်း (၂၀ဝ၀ဝ၀) နှင့် ခုနှစ်ရက်စာ ဆန်ရိက္ခာဖိုးငွေ ၆၃၀ဝ စုစုပေါင်း ရန်ပုံငွေ ၂၀၆၃၀ဝ ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အောက်တိုဘာ ၁၁ ရက်၊ နံနက် ၉ နာရီက ဘေးသင့်အိမ်ထောင်စု၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နန်းထိုက် (KGD)