ကန်ကြီးထောင့်  မတ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အသိပညာပေးပြခန်းများကို မတ် ၁ ရက်နှင့် ၂ ရက်များတွင် ခင်းကျင်းပြသလျက်ရှိရာ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

 

s2333

 

‌၂၀၂၀ ပြည့်နှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပြခန်းများတွင် ဖိုးတောင်သူတဲ၊ သဘာဝ ပစ္စည်းများဖြင့် စိုက်ပျိုးထားသော သီးနှံစိုက်ခင်းများ၊ သစ်သီးဝလံပြခန်း၊ စက်မှုလယ်ယာ ဦးစီးဌာနပြခန်း၊ စားသုံးသူ‌ရေးရာ ဦးစီးဌာနပြခန်း၊ လယ်ယာသုံးစက်ကရိယာ ပြခန်းများ၊ စိုက်ပျိုး‌ရေး ဒရုန်းဝန်ဆောင်မှု ပြခန်း၊ စိုက်ပျိုး‌ရေးဆေးပစ္စည်း အရောင်းပြခန်းများ၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ သမဝါယမဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြခန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ သစ်တောဦးစီးဌာနပြခန်း၊ SMU ကျေးရွာများမှ ထုတ်ကုန်ပစ္စည်းများပြခန်း၊ စက်အရောင်းပြခန်း၊ ကုမ္ပဏီပြခန်းများကို ခင်းကျင်းပြသထားရှိရာ လာရောက်လေ့လာကြည့်ရှုသူ တောင်သူများ၊ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

နန်းထိုက် (KGD)