ကန်ကြီးထောင့် နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ယနေ့တွင် ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိပြီး ကျောင်းတက်ရောက်မှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းတက်ရောက်နိုင်စေရန်အတွက် လက်ဆေးကန်များ နှင့် လက်သန့်ဆေးရည်များ ထားရှိပေးခြင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရန် စီမံဆောင်ရွက်ပေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများကိုလည်း ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရောဂါဘယကင်းဝေးစွာဖြင့် ပညာသင်ယူနိုင်စေရန်အတွက် မြို့နယ်အတွင်းရှိ အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၈၃၆၂ ဦးအား ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုလည်း ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


