ကန်ကြီးထောင့် ၁၄ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ရေးကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်ထံမှ သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၇၃ အုပ်စု၊ ကျေးရွာပေါင်း ၃၈၆ ရွာရှိပြီး ယခုနှစ် နွေရာသီ ကာလအတွင်း ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်မှုများနှင့် ကြုံတွေ့လာပါက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံး ဖုန်း ဝ၄၂-၄၅၁၈၅၊ ဝ၄၂-၄၅၂၂၅ သို့လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်၊ ဖုန်း ဝ၉-၄၂၂၄၈၁၃၃၆ ၊ ဝ၉-၇၈၄၃၆၃၂၆၁ သို့လည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်ရွှေရည်ဖြိုး ဖုန်း ဝ၉-၉၇၂၂၇၉၅၂၄ နှင့် ဒေါ်ဖြိုးမြတ်သူ ဖုန်း ဝ၉-၇၉၄၅၃၅၅၈၅ သို့လည်းကောင်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
နန်းထိုက် (KGD)