ကန်ကြီးထောင့် မတ် ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက မတ် ၁၆ ရက်ညနေပိုင်းတွင် ကန်ကြီးထောင့် မြို့နယ် မဂူကျွန်းကျေးရွာရှိ ခရမ်းပြာ စိုက်/ထွေသမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဆောင်းဆီထွက်သီးနှံ (မြေပဲ)စိုက်ပျိုးထားရှိမှု အခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့နယ် ကန်တော်ကျေးရွာ ခရမ်းပြာ စိုက်/ထွေ သမဝါယမအသင်းမှ အသင်းသား ဦးဉာဏ်ဝင်း၏ လယ်မြေသုံးဧကတွင် ဆီထွက်သီးနှံ (မြေပဲ) SP-121 မျိုး စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါ ခရမ်းပြာစိုက်/ထွေသမဝါယမအသင်းအနေဖြင့် ဆောင်းဆီထွက်သီးနှံ(မြေပဲ)ကို အသင်းသား ၁၈ ဦးက ဧက ၅၀ စိုက်ပျိုးထားရှိပြီး တစ်ဧကလျှင် ကျပ်လေးသိန်းနှုန်းနှင့် ညီမျှသော မျိုးနှင့် သွင်းအားစုများ ပံ့ပိုးထားရှိကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)


