ကန်ကြီးထောင့် ၃ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အောက်တိုဘာ ၃၁ ရက် ညပိုင်းက မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံများ ပြိုကျ ပျက်စီးခဲ့သည့် မြို့ပေါ်မှ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၆) ရပ်ကွက်များနှင့် ရွာသစ်ကုန်းကျေးရွာ၊ မဂူကျွန်းကျေးရွာတို့မှ လေဘေးသင့် ဘုန်းတော်ကြီးကျောင်းနှင့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ပွဲကို နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီက ရွာသစ်ကုန်းကျေးရွာ ခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊တို င်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် ကျေးရွာ ၂ ရွာမှ လေဘေးကြောင့် အမိုးလန် ပျက်စီးခဲ့သည့် ရတနာရွှေဂူ ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ တစ်သိန်း၊ ပြိုကျပျက်စီးနေအိမ် (၁၄)လုံး၊ အမိုးလန်ပျက်စီး နေအိမ် (၄၅)လုံး စုစုပေါင်းနေအိမ် (၅၉)လုံး အိမ်ထောင်စု (၅၉) စုမှ လူဦးရေ (၂၃၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံး ၁၄ ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၂၈၉၀ဝ၀ဝ၊ ဆန်ရိက္ခာ ခုနှစ်ရက်စာ ရန်ပုံငွေ ၅၀၁၉၀ဝ စုစုပေါင်း ရန်ပုံငွေ ၃၄၉၁၉၀ဝ အား ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နန်းထိုက် (KGD)