ကန်ကြီးထောင့် ၂၆ အောက်တိုဘာ

အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ကန်ကြီးမြို့နယ်ပညာရေးမှူးရုံး၊ မြို့မိ မြို့ဖများနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club)တို့ပူးပေါင်းကျင်းပမည့် စာပေဟောပြောပွဲကို အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ကန်ကြီးထောင့်(အ.ထ.က) အမျိုးသားခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ေ

 

အဆိုပါ ဟောပြောပွဲတွင် ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်)မှ "တို့ချစ်တဲ့ ကမ္ဘာမြေ" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသွားမည်ဖြစ်ပြီး စာပေဟောပြောပွဲသို့ စိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ကြောင်း သိရသည်။

နန်းထိုက် (KGD)