ကန်ကြီးထောင့်    ၂၃    မေ

 

ပြည်သူများ မိုးဦးကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါမှ ကင်းဝေးစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မေ ၂၂ ရက်၊ မွန်းလွဲပိုင်းက  အမှတ် ၁ ရပ်ကွက်၌ သွေးလွန်တုပ်ကွေး‌ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စေတနာ့ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်ပေးဝေခြင်းများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး အဓိကသတင်းစကား (၈) ချက်ကို Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက်  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်‌ဆေးခတ်ခြင်းများနှင့် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် သတ်မှတ်ရက်များအလိုက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆရာဦးမျိုးညွန့်အောင်(မြို့နယ်သူနာပြု)ထံမှ သိရသည်။

 

နန်းထိုက် (ပြန်/ဆက်)