ဖားကန့် ဒီဇင်ဘာ ၃
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာအတွက် ရန်ပုံငွေကျပ်သိန်း ၂၀၀ လွှဲပြောင်း ပေးအပ်ပွဲကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ခြောက်လတာကာလအတွင်း
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း ၂၀၀ ကို တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် သက်ဆိုင်ရာကျေးရွာ ကော်မတီဝင်များထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။
ဖားကန့်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ခြောက်လတာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ကျေးရွာမှာ ကျောက်သွေးတောင်၊ တောမှော်ကျေးရွာ တို့ဖြစ်ပြီး အဆိုပါကျေးရွာများ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦဂကျော်လင်းနိုင်ထံမှ သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)