မြင်းမူ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချ လျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း၊ ကွန်ကရစ်ပစ္စည်း ပြုလုပ် ရောင်းချသူများထံမှ သိရှိရသည်။
“ကွန်ကရစ်ပစ္စည်းအနေနဲ့ အဓိကရောင်းအားကောင်းတာက ကွန်ကရစ်ကျောက်တိုင်နဲ့ ရေကန်များဖြစ်ပါတယ်။ ရံဖန်ရံခါ ကျေးလက်လမ်းများမှာ အသုံးပြုတဲ့ ရေပြွန်များလည်း မှာယူမှုရှိပါတယ်။ ကုန်ကြမ်းပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေနဲ့ ကျောက်ဈေး သိသိသာသာ ဈေးမတက်သော်လည်း သံချောင်းဈေးမှာ ထက်ဝက်ခန့် တက်ခဲ့ပါတယ်။ ဝယ်လိုအားအပေါ် မူတည်ပြီး ဈေးအနည်းငယ်သာတက်ခဲ့ပါတယ်”ဟု ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချနေသူ ဦးကျော်အုန်းက ပြောပြသည်။
ပြုလုပ်ရောင်းချလျက်ရှိသော ပစ္စည်းအမျိုးအစားများမှာ ကွန်ကရစ်တိုင်၊ ကွန်ကရစ်ရေကန်၊ ကွန်ကရစ်ပြွန်ဆိုဒ်စုံ၊ ကျင်တွယ်တိုင်အမျိုး၊ မိလ္လာသုံးကျောက်ပြား၊ ဘိလပ်အုပ်နှင့် အခြား အော်ဒါမှာယူသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)