ကျွန်းလှ ၅  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် သစ်ရာမြိုင်ရပ်ကွက်၊ ရန်အောင်မင်္ဂလာကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော ယာယီဈေးဆိုင် ခန်းများအား ယမန်နေ့ညနေ(၃)နာရီက ပိုးသတ်ဆေး ဖျန်းပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ယာယီဈေးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ ခြောက်ပေအကွာထားရှိသော သားငါးဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ကုန်စိမ်းဆိုင်များ၊ စုစုပေါင်း ဆိုင်ခန်းပေါင်း (၁၆၁)ခန်းကို ပိုးသတ်ဆေးဖျန်းပေးခဲ့ကြောင်း သိရသည်။

 

ဆေးဖျန်းခြင်းကို မြို့နယ်ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်တင်၊ အမှုဆောင် အရာရှိ ဦးထွန်းလင်းဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)