ကျွန်းလှ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အတွက် စက်တင်ဘာ ၁၁ ရက်က ကျွန်းလှမြို့နယ် ဓမ္မစကူးကော်မတီမှ ငွေကျပ် ၁၄ သိန်းတန်ဖိုးရှိ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး (အရည်ပါ) ၁၀ လုံးနှင့် Flow Meter  ၁၀ စုံအားလှူဒါန်းရာ မြို့မိမြိုဖအောက်ဆီဂျင် ကူညီစောင့်ရှောက်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀နှင့် အောက်ဆီဂျင်ထုတ်စက် ၁၀ လုံးထောက်ပံ့ပေးကြောင်း၊ ကုမ္ပဏီများနှင့် အလှူရှင်များက ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး ၁၀၀နှင့် အောက်ဆီဂျင်ထုတ်စက် ၃ လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)