ကျွန်းလှ ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများ၊ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥသုံးလုံးပါ ပစ္စည်းသုံးမျိုးကို ငွေကျပ် ၃၀၀၀၊ ကြက်ဥငါးလုံး ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ အိမ်ထောင်စု ၂၀၀ အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)