ကျွန်းလှ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကန်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိရေးအတွက် ဇွန်(၂၈)ရက်က ကျန်းမာရေးစစ်ဆေးရေးဂိတ်ပြန်လည် ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် မြို့တွင်း ဝင်ရောက်လာသောအဝေးပြေး မော်တော်ယာဉ်များအား ရပ်တန့်ပြီး အပူချိန်တိုင်းခြင်း၊ ခရီးသွားမှတ်တမ်းကောက်ယူခြင်း ဆောင်ရွက်ပြီး ဆိုင်ကယ် စီးနင်းသူများ၊ အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပ သွားလာသူများ၊ ခရီးသွားပြည်သူများ၊ ဈေးသူဈေးသားများအား နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေခြင်းနှင့် ကျန်းမာရေး အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


