ကျွန်းလှ  ၁၀  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိရေး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ မိမိကျရာနယ်မြေသို့ ကွင်းဆင်းရေး၊ မဲဆန္ဒရှင်စာရင်းအား သတ်မှတ်ရက်တွင် ကြေညာနိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးငြိမ်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကို နိုဝင်ဘာ ၈ ရက်တွင်ကျင်းပရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ မဲစာရင်းများကို ဇူလိုင် ၁၈ ရက်နေ့တွင် ကပ်ထားကြေညာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ကျွန်းလှမြို့နယ်တွင် မြို့ပေါ်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၄)အုပ်စု၊ ကျေးရွာပေါင်း ၁၁၄ ရွာ၊ လူဦးရေ ၁၀၂၃၉၃ ဦးခန့်ရှိပြီး ယနေ့အထိ အသက်(၁၈)နှစ်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၇၆၀၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)