ကျွန်းလှ မေ ၂၃

 

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်သူများအား ကျောင်းအပ်စတင် လက်ခံပေးလျက်ရှိကြောင်း သိရသည်။

 

ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုအနေဖြင့် အထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁)ကျောင်း၊ မူလတန်းကျောင်း (၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (မူလွန်) (၂)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၂၂)ကျောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)