ကျွန်းလှ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ဧက ၂၆၀၀၀ ကျော် စိုက်ပျိုးရန်လျာထားကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပဲမျိုးစုံစိုက်ပျိုးမှုအနေဖြင့် မတ်ပဲ ၁၇၆၂၂ ဧက၊ စားတော်ပဲ ၅၂၅၂ ဧက၊ စွန်တာပြာ ၂၁၀၃ ဧက၊ ပဲရာဇာ ၃၈၀ ဧက၊ ကုလားပဲ ၂၃၀ ဧက၊ ထောပတ်ပဲ ၁၀ ဧက၊ စွန်တာနီ ၁၀ ဧက၊ အခြားပဲမျိုးစုံ ၆၂၄ ဧက၊ စုစုပေါင်း ၂၆၂၃၁ ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။
“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပဲမျိုးစုံ ၂၆၂၃၁ ဧက စိုက်ပျိုးရန် လျာထားပါတယ်။ ပဲမျိုးစုံကို ဆောင်းရာသီမှာ အဓိကထား စိုက်ပျိုးကြပြီး ဆီထွက်သီးနှံနေကြာနဲ့ သီးညှပ်စိုက်ပျိုးကြဖို့၊ တိုးချဲ့စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ပဲမျိုးစုံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲရေးတို့ကို အသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)