ကျွန်းလှ ဖေဖော်ဝါရီ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ ရာသီအလိုက်စိုက်ပျိုးကြပြီး မိသားစုဝင်ငွေရရှိနေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံကို ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်၍ စိုက်ပျိုးကြကြောင်း၊ ယခုနှစ် ဆောင်းရာသီတွင် ဧက ၁၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်း အသိပညာပေးလျက်ရှိကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)