ကျွန်းလှမြိုနယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကျွန်းလှ   ဩဂုတ်   ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား ဩဂုတ် ၄ ရက်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ် ၃ ရက် နံနက် ၉ နာရီကစတင်ပြီး ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဆေးထိုးစုရပ်လေးနေရာတွင် အဖွဲ့လေးဖွဲ့ခွဲ၍ ထိုးနှံပေးကြောင်း၊ ဆက်လက်ပြီး ရဟန်း၊ သံဃာများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျွန်းလှမြိုနယ်တွင် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံး ၁၅၀၀ ရရှိကြောင်း၊ ကာကွယ်ဆေးတစ်လုံးလျှင် နှစ်ဦးနှုန်းဖြင့် လူဦးရေ ၃၀၀၀ အား ဦးစားပေးအစီအစဉ် အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြိုနယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှသိရသည်။

 

မျိုးဝင်းညို-ကျွန်းလှ