ကျွန်းလှ  ၁၅   ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့သော ကလေးစာပေပွဲတော်အတွက် လှူဒါန်းသူများနှင့် ဆုရရှိကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျွန်းလှမြို့၊စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။

 

58

 

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်ထူးမောင်က ကလေးစာပေပွဲတော်ကျင်းပခြင်းဖြင့် က‌လေးများ စာအုပ်စာပေ နှစ်သက်မွေ့လျော်လာမည်ဖြစ်ကြောင်း၊ ကလေးများ မိမိတို့၏ အရည်အချင်းကို ဖော်ထုတ်လာကြကြောင်း၊ပြခန်းများတွင်လည်း စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်ကိုတွေ့ရကြောင်း၊ ပွဲတော်ကျင်းပရာတွင် အားသာချက်၊ အားနည်းချက်များ ရှိသော်လည်း တစ်ရက်ထက် တစ်ရက်ပိုမိုစည်ကားလာကြောင်း၊ ဝိုင်းဝန်းပံ့ပိုးကူညီကြသူများအား အထူးပင် ကျေးဇူးတင်ကြောင်း ပြောကြားသည်။

 

89

 

ထို့နောက် ကလေးစာပေပွဲတော်တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ကြပြီး၊ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)