ကျွန်းလှ  ၂၈  နိုဝင်ဘာ

 

ကျွန်းလှမြို့နယ်၌ အသက်(၉)လမှ (၅)နှစ်ခွဲအရွယ် ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

ကျွန်းလှမြို့နယ်၌ အဆိုပါ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်းကို မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲတို့တွင် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ နေ့အထိ အဖွဲ့ (၅၁)ဖွဲ့ဖြင့် ထိုးနှံပေးလျက်ပြီး ကလေးငယ်ပေါင်း ၈၇၅၈၂ ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)