ကျွန်းလှ ဖေဖော်ဝါရီ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော ပဲစင်းငုံသီးနှံ ၁၁၅၄၄ ဧက ရိတ်သိမ်းပြီး တင်း ၁၆၃၀၀၀ ကျော် ထွက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပဲစင်းငုံသီးနှံစိုက်ပျိုးသော တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသရာသီဥတုနှင့် ကိုက်ညီပြီး ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင်အထွက်ကောင်း မျိုးရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ် မှန်ကန်ရေး ပညာပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးသည်။

 

ကျွန်းလှမြို့နယ်၌ သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီတွင် ပဲစင်းငုံသီးနှံ စိုက်ပျိုးရန် ၁၁၅၄၁ ဧက လျာထားပြီး ၁၁၅၄၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)