ကျွန်းလှ ၂၈ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၇၅၉၇၉ ဦးရှိကြောင်း မြို့နယ်ရွေးကောင်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိစေရန် ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ဇူလိုင်(၂၅)ရက်မှ ဩဂုတ်(၇)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာပြီး အောက်တိုဘာလတွင် နောက်ဆုံးအကြိမ် ထပ်မံကပ်ထား ကြေညာသွားမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင် လိုခြင်းများရှိပါက သတ်မှတ်ပုံစံများဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု (၃၄)အုပ်စုနှင့် ကျေးရွာပေါင်း(၁၄၄)ရွာရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၇၅၉၇၉) ရှိကာ မဲပေးနိုင်ရန် အတွက် မဲရုံပေါင်း(၉၁)ရုံစီစဉ်ထားကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


