ကျွန်းလှ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များလာပြီး ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့်အချက်များအား ဇူလိုင် ၂၇ ရက် ညနေ ၆ နာရီက မြို့ပေါ်လေးရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို သိရှိလိုက်နာရန် စည်းကမ်းချက်များ၊ ကူးစက်ပြန့်ပွားမှုမရှိရန်အတွက် လူစုလူဝေးရှောင်ရှားရေး၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြာရေး၊ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး စသည်တို့ကို အသိပေးနှိုးဆော်ကြောင်း သိရသည်။
ပြည်သူများလိုက်နာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုန်ပြန်ထားသော ညွှန်ကြားချက်များ ကြေညာပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး၊ သတိပေးချက်များ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


