ကျွန်းလှ ၂၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်ဧပြီ(၂၁)ရက်နေ့က လေပြင်း တိုက်ခတ်ခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ နေအိမ်(၅၇)လုံးအမိုးလန် ပျက်စီးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါအမိုးလန် ပျက်စီးသွားသော ရေရှင်ကျေးရွာအုပ်စု၊ ရေရှင်ကျေးရွာ၊အောင်းပင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအားမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းလူငယ်၊ လူရွယ်များပူးပေါင်းပြီးဧပြီ ၂၂ ရက်နေ့က ပြန်လည်တည်ဆောက်ပြုပြင်ခြင်း ဆောင်ရွက်ကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


