ကျွန်းလှ ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးလိုမိုးခေါင်မှုကြောင့် ပျက်စီးခဲ့သော မိုးသီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ် ၆ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ကျွန်းလှမြိုနယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးလိုမိုးခေါင်မှုကြောင့် ကျေးရွာအုပ်စု ရှစ်အုပ်စု၌ ပျက်စီးသွားသည့် မြေပဲခင်း ၇၇ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် လည်းကောင်း၊ အစေ့ထုတ်ပြောင်းခင်း ၂၃၆၉ ဧက အတွက် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် လည်းကောင်း စုစုပေါင်း ၂၄၄၆ ဧက အတွက် ငွေကျပ် ၂၆၀၀၀၀၀၀ အား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီ၏ ပြောပြချက်အရ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


