ကျွန်းလှ ၂၈ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ရွာသီကျေးရွာအုပ်စု သံဘိုကျေးရွာတွင် ငှက်ပျောစိုက် တောင်သူများ၏ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ငှက်ပျောကို ပဒေသာငှက်ပျော၊ အခွံ စိမ်းနှင့် ဒေသမျိုး လေးဧကစိုက်ထားပါတယ်၊ တစ်ဧက အပင် ၅၀ဝ စိုက်ပျိုးပြီး မျိုးတစ်ပင် ငွေကျပ် ၅၀ဝ ပေးရပါတယ်၊ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေသြဇာ၊ အလုပ်သမားခ ငွေကျပ် ငါးသိန်းကုန်ကျပါတယ်၊ တစ်ဧကကို ငှက်ပျောဖီး ၃၀ဝ၀ ခန့်ထွက်ရှိပြီး ငှက်ပျော်တစ်ဖီး ငွေကျပ် ၆၀ဝ ရောင်းရ၍ ငွေကျပ် ၁၈ သိန်းခန့် ရရှိပါတယ်ဟု” ငှက်ပျောစိုက်တောင်သူ ဦးတင်အောင်ဆွေက ပြောသည်။
တောင်သူတွေ ယခင်က မြေပဲ၊ ပဲဇင်းငုံ၊ နှမ်း၊ ပြောင်းနှင့် ပဲအမျိုးမျိုး စိုက်ပျိုးကြသော်လည်း ကုန်ကျစရိတ်များပြီး အမြတ်နည်း၍ ငှက်ပျောကို စိုက်ပျိုးလာကြကာ ထွက်ရှိသည့် ငှက်ပျောဖီးများအား အလှူပွဲ၊ မင်္ဂလာပွဲ၊ ဘုရားပွဲများ ကပ်လှူရန် စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)