ကျွန်းလှ ၈ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာတွင် “ဖော”ငမြောင်တောင်နှင့် ကန္တာရကျိုင်းကောင် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ဇူလိုင်(၇)ရက်နေ့က ကျေးရွာဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

 

ထိုသို့ အသိပညာပေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီ က “ဖော”‌ငမြောင်တောင်ပိုး ပျံ့နှံ့လာပုံနှင့် ဘဝစက်ဝန်း၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ စောင့်ကြည့်စစ်ဆေးခြင်း၊ သဘာဝပိုးသတ်ဆေးနှင့် ဓါတုပိုးသတ်ဆေးသုံးစွဲနည်း၊ ကန္တာရကျိုင်းကောင် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

         

ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်သူဒေါ်သောင်းငွေ၏ အစေ့ထုတ်ပြောင်းစိုက်ခင်းတွင် ကင်းထောက်စစ်ဆေးရန် Pheromone Trap ဟော်မုန်းထောင်ချောက်များ တပ်ဆင်ပေးခဲ့ပြီး (၁၀)ရက်တစ်ကြိမ် ဒေတာမှတ်တမ်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

       

ကျွန်းလှမြိုနယ်တွင် ယာမြေဧက(၄၈၀၀၀)ရှိပြီး၊ အစေ့ထုတ်ပြောင်း(၃၄၃၆၄)ဧက စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရေးနည်းပညာပေး စင်တာများဖွင့်လှစ်ပြီး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲရေး တောင်သူပညာပေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

မျိုးဝင်းညို ကျွန်းလှ