ကျွန်းလှမြို့နယ်တွင် ရေနံချက်ဖို မီးလောင်မှုဖြစ်ပွား

ကျွန်းလှ  ၄  မတ်    


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ နောင်ကောက်ကျေးရွာ အနီးတွင် မတ် ၃ ရက် ညနေ ၄ နာရီ မိနစ် ၂၀ အချိန်ခန့်က ဦးစိန်မောင်မြင့်ပိုင် ရေနံချက်ဖို မီးလောင်မှုဖြစ်ပွားရာ ရေနံစိမ်းပေပါ(၅)လုံး ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ခြင်းမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


အဆိုပါ မီးလောင်ရာသို့ လိပ်ဆင်းတောင် နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးသတ်ဆေးဘူးများ၊ သဲများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။


မျိုးဝင်းညို (ကျွန်းလှ)