ကျွန်းလှမြိုနယ်တွင်အစေ့ထုတ်ပြောင်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

mdn

ကျွန်းလှ ဩဂုတ် ၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကျွန်းလှမြိုနယ်တွင်စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်သောဒေသတစ်ခုဖြစ်ပြီး စပါး၊နှမ်း၊ပြောင်း၊မြေပဲ၊ပဲစင်းငုံ၊နေကြာ၊ပဲတီစိမ်း၊ပဲအမျိုးမျိုးတို့စိုက်ပျိုးကြ၍အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့်ဆောင်းရာသီ၌စိုက်ပျိုးကြကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။

 

“မိုးရာသီမှာအစေ့ထုတ်ပြောင်းကို မေလကုန်မိုးစတင်ရွာသွန်းတာနဲ့စိုက်ပျိုးကြပါတယ်။တစ်ဧကမျိုးတစ်အိတ်စိုက်ပျိုးပြီး ငွေကျပ်(၃၀၀၀၀)ကျော်ကုန်ကျပါတယ်။မျိုးဖိုး၊ထွန်ယက်ခ၊မြေဩဇာဖိုး၊အလုပ်သမားခ၊ပိုးသတ်ဆေးဖိုး စုစုပေါင်း(၂၅၀၀၀၀)ခန့်ကုန်ကျပါတယ်။ယခင်နှစ်ကတစ်ဧကတင်း(၅၀)လောက်ထွက်ရှိပါတယ်။ဒီနှစ်တော့အစေ့ထုတ်ပြောင်း(၅)ဧကစိုက်ပျိုးထားပြီးအောင်မြင်ဖြစ်ထွန်းနေပါတယ်။ပြောင်းရိုးကိုကျွဲ၊နွားစာအဖြစ်အသုံးပြုရ၍စိုက်ပျိုးသင့်ပါတယ်”ဟုဇီးတောကျေးရွာပြောင်းစိုက်တောင်သူ ဒေါ်အေးအေး ကပြောပြသည်။

 

ကျွန်းလှမြို့နယ်တွင်အစေ့ထုတ်ပြောင်းကို မိုးရာသီတွင် အဓိကထားစိုက်ပျိုးကြကြောင်း၊ယာမြေဧက(၄၈၀၀၀)ကျော်ရှိပြီး အစေ့ထုတ်ပြောင်း(၁၄၃၆၄)ဧကစိုက်ပျိုးကြောင်း၊ပြောင်းစိုက်ခင်းများဖော ငမြောင်တောင်ပိုးကြိုတင်ကာကွယ်ရေးအတွက် Pheromone  ဟော်မုန်းဆေးများထောက်ပံ့ပေးထားကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)