ကျွန်းလှ၊ ၈ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ဇီးတောကျေးရွာ၊ လယ်လှကျေးရွာ အုပ်စုကွင်းအမှတ်(၂၉၉) တောင်သူ ဒေါ်သောင်းငွေ၏ ဧရာမင်းမိုးစပါးမျိုးထုတ်ကွက် စိုက်ခင်းတွင် ဒီဇင်ဘာ(၈)ရက် နံနက်(၈)နာရီက စံကွက်ရိတ်သိမ်းကြောင်းသိရသည်။
အဆိုပါ မိုးစပါးမျိုးစေ့ထုတ်ကွက်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူးဦးမြသွေးနှင့် ကွင်းဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ ပူးပေါင်းပြီး စံကွက်ရိတ်သိမ်းကြရာ တစ်ဧကအစိုထွက်(၉၂)တင်း ထွက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် မနောသုခ၊ ဧရာမင်း၊ မနော်ဟရီ၊ ရွှေသွယ်ရင်စပါးမျိုး (၃၃၆၀၇)ဧက စိုက်ပျိုးပြီး၊ မိုးစပါးမျိုးစေ့ထုတ်ကွက်အဖြစ် ဧက ၃၃၀ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


