ကျွန်းလှ  ၃၀   ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်ရေးအေရိုးဗစ်နှင့် Fitness Dance ပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက်နေ့နံနက် ၉ နာရီက ကျွန်းလှမြို့ ရွှေကျွန်းသာခန်းမ၌ ကျင်းပကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်(၇)သင်း ယှဉ်ပြိုင်ကြပြီး ပထမ အထက သစ်ရာမြိုင်၊ ဒုတိယ အလက အင်းကောင်းကျေးရွာ၊ တတိယ အလက ကျီးကုန်းကျေးရွာတို့က ရရှိသွားကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယဆုရ အသင်းများအား မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများက တံခွန်စိုက်ဖလား၊ ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)