ကျွန်းလှ ၅ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စားသုံးရန်မသင့်သော အမဲသား ပိဿာချိန်(၅၀ဝ)ခန့်အား နိုဝင်ဘာ ၄ ရက် ညနေ ၄  နာရီက အမှိုက်ပစ်ကွင်းတွင် မြေမြုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

၂

 

အဆိုပါ အမဲသားများကို နိုဝင်ဘာ(၃)ရက်၊ ည(၁၁)နာရီ ၁၅ မိနစ်က ကောလင်း-မန္တလေး ပြေးဆွဲသော အောင်ရတနာခရီးသည်တင်ယာဉ်ပေါ်တွင် သယ်ဆောင်လာကြောင်း သတင်းအရ မြို့မရဲစခန်းမှ ဒုရဲအုပ်မျိုးလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က သိမ်းဆည်းရမိကြောင်း သိရသည်။

 

ထိုစားသုံးရန်မသင့်သော အမဲသားများအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးကိုကို ဦးဆောင်သော မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး မြေမြုပ်ဖျက်ဆီးကြကြောင်း သိရသည်။

 

မျိုးဝင်းညို ကျွန်းလှ