ကျွန်းလှတွင် ကန့်သတ်ထားသော ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ ရောင်းချခြင်း ရှိမရှ ိရှောင်တခင် ကွင်းဆင်းစစ်ဆေး

ကျွန်းလှ  ၂၃   နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နိုဝင်ဘာ(၂၃)ရက်နေ့ နံနက် (၉)နာရီက ကန့်သတ်ထားသော ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ ရောင်းချခြင်း ရှိမရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အတွင်း ရောင်းချနေသော ပိုးသတ်ဆေး(၅)ဆိုင်၊ ဓာတ်မြေဩဇာဆိုင် (၉)ဆိုင်တို့အား ဥပဒေ၊ နည်းဥပဒေနှင့် အညီကန့်သတ် ပိတ်ပင်ထားသော သွင်းအားစုပစ္စည်းများ ရောင်းချခြင်း ရှိမရှိစစ်ဆေးပြီး အသိပညာပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စိုက်ပျိုးရေးစီးဌာန၊ ဦးစီးမှူး ဦးဝင်းရွှေနှင့် ‌မြေဩဇာ၊ ပိုးသတ်ဆေးကျွမ်းကျင် ပညာရှင်များ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် ကြကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)