ကျန်းမာလှပအနာဂတ်ပိုင်ဆိုင်ဖို့ လူသားတိုင်း ဆီးချို သွေးချိုကာကွယ်စို့

၁၃ နိုဝင်ဘာ

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး လူပေါင်း သန်း ၄ဝဝကျော်တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားနေပြီး လာမည့် ၂၀၁၄ဝ ပြည့်နှစ်တွင် လူဦသန်းပေါင်း ၆၄ဝ ကျော်အထိ တိုးပွားလာနိုင်ဖွယ်ရှိနေကြောင်း International Diabets Federation ၏ ၂၀၁၈ ခုနှစ် စာရင်းဇယားစစ်တမ်းတွင် ဖော်ပြထားသည်။

 

ဆီးချို သွေးချို ရောဂါ၏ နောက်ဆက်တွဲ အခြေအနေ

 

မြန်မာနိုင်ငံရှိ ဆီးချို သွေးချိုရောဂါဖြစ်ပွားသူ စုစုပေါင်း၏ ၈၅မှ ၉၅ ရာခိုင်နှုန်းမှာ အမျိုးအစား(၂) ဆီးချို၊ သွေးချိုရောဂါရှင်များဖြစ်ပြီး ဆီးချို သွေးချိုရောဂါသည် ကျောက်ကပ်ပျက်စီးခြင်းကို မိကဖြစ်စေပြီး ထိခိုက် ဒဏ်ရာရခြင်းကြောင့် မဟုတ်ဘဲ ခြေထောက်ဖြတ်ရခြင်း၏ အဓိက အကြောင်းအရင်းလည်းဖြစ်ကြောင်းနှင့် ရောဂါ ရှိသူသည် မရှိသူထက် ခြေထောက်ဖြတ်ခံရနိုင် ခြေမှာ၁၅ဆမှ အဆပေါင်း ၄၀ အထိ ပိုများနေကြောင်း လည်းသိရသည်။

 

ဆီးချို သွေးချိုရောဂါက ရောဂါဖြစ်တဲ့သူရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးကို ထိခိုက်ပျက်စီးစေနိုင်ခြင်း နေထိုင်မှု အရည် အသွေးကို ကျဆင်းစေနိုင်ခြင်း၊ လူမှု-စီးပွား ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေနိုင်ခြင်း၊ ကာယနဲ့ဉာဏစွမ်းဆောင်ရည် ကျဆင်းခြင်းကိုသာမက နိုင်ငံအတွက်လည်း အရေးကြီးတဲ့ လူ့စွမ်းအားအရင်းအမြစ်စွမ်းရည်ကို ကျဆင်းစေတဲ့အတွက် ရောဂါမဖြစ်ဖို့ ကာကွယ်တာ ရောဂါဖြစ်လာရင်လည်း စောစီးစွာဆေးကုသမှုခံယူကာ စနစ်တကျ ကုသမှုခံယူတာတွေကိုလုပ်ဆောင်ဖို့ အလွန်အရေးကြီးပါတယ်"ဟု မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာစည်သူက ပြောကြားသည်။

 

မြန်မာနိုင်ငံ၏ ဆီးချို သွေးချိုရောဂါဖြစ်ပွားမှုသည် လေ့လာချက်များအရ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနှုန်း တစ်ရှိန်ထိုး မြင့်တက်လာခြင်းကြောင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့သေဆုံးမှုအများဆုံး ရောဂါနံပါတ် ခုနစ်နေရာ၌ ရပ်တည်လာမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပြီးဖြစ်သည်။

 

လက်ရှိမြန်မာနိုင်ငံ၏ ဆီးချိုသွေးချိုဖြစ်နိုင်ခြေရှိသော အကြိုလူနာဦးရေမှာ အမှန်တကယ် ရောဂါဖြစ်သူ ဦးရေထက် နှစ်ဆလောက်ပိုများနေကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှု၊ လူတွေ၏ နေထိုင်စားသောက်မှု၊ လူနေမှုပုံစံပြောင်းလဲမှုတွေကြောင့် သွေးတိုး၊ ဆီးချို သွေးချိုအဝလွန်၊ နှလုံးသွေးကြောပိဘဲ၊ လေဖြတ်၊ ကင်ဆာရောဂါနဲ့ နာတာရှည် အဆုတ်ရောင်ရောဂါလိုစသော ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါတွေ ဖြစ်ပွားနှုန်းက ၅ ရာခိုင်နှုန်းရှိပြီး ယင်းပမာဏသည် ကမ္ဘာ့ဖြစ်ပွားမှုနှုန်း၊ တွင်ဖြစ်ပွားမှု နှုန်းထက်မြင့်မားလျက်ရှိနေသည်ကို တွေ့ရကြောင်း၊ လက်ရှိအချိန်တွင် သွေးတွင်းသကြား ဆတ်သည် ဆီးချို သွေးချိုရောဂါဟု သတ်မှတ်လောက်အောင် မမြင့်သော်လည်း လူနေမှုပုံစံမပြင်ပါက သိပ်မကြာမီကာလတွင် ဆီးချိုသွေးချိုလည်း ဖြစ်လာမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၌ ဆီချိုသွေးချို ဖြစ်ပွားမှုနှုန်း

 

မြန်မာနိုင်ငံတွင် ဆီးချို သွေးချို အကြိုလူနာဦးရေသည် တခြားနိုင်ငံများထက် ပိုများနေကြောင်း၊ နိုင်ငံ အများစုတွင် Prediabetes ဖြစ်ပွားမှုသည် ဆီးချို သွေးချိုလူ၁ဦးရေ၏ ထက်ဝက်မျှသာ ရှိသော်လည်း မြန်မာနိုင်ငံတွင် ဆီးချို သွေးချိုလူနဦးရေထက် နှစ်ဆခန့်ဖြစ်နေကြောင်းနှင့် စာရင်းဇယားအရ နောင်နှစ် အနည်းငယ်တွင် ရောဂါဖြစ်ပွားမှုသည် တစ်ရှိန်ထိုး မြင့်မားနိုင်ခြေရှိနေကြောင်း ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးစီမံချက်မှ သိရသည်။

 

ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်းရှိ သွေးတိုးရောဂါ ပညာပေးဌာနများ တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိရာ ငါးခုမြောက် ဆီးချို သွေးချိုရောဂါ ပညာပေးဌာနကို မကွေးပြည်သူ့ ဆေးရုံကြီးတွင်ဖွင့်လှစ်ခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

 

ဆီးချိုသွေးချိုရောဂါ ပညာပေးဌာနများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော် ခုတင်-၁၀၀၀ ပြည်သူ့ဆေးရုံကြီးများတွင် ဖွင့်လှစ်ထားပြီး ယခု ၂၀၁၉ ခုနှစ်အတွင်း သင်္ဃန်းကျွန်း စံပြဆေးရုံကြီးနှင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးများတွင် ထပ်မံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

 

မြန်မာနိုင်ငံတွင် ဆီးချို သွေးချိုရောဂါဖြစ်ပွားနှုန်းသည်၁၁ ဒသမ ၅ ရာခိုင်နှုန်းလူ ၁ ဦးတွင် တစ်ဦး ဖြစ်ပွားနေပြီး သွေးတိုးရောဂါဖြစ်ပွားမှုနှုန်းသည် ၂၆ သမ ၄ ရာခိုင်နှုန်း(လူ လေးဦးတွင် တစ်ဦး) ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်း ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် STEP Survey မှ ထုတ်ပြန်ထားသည်။

 

ရန်ကုန်တိုင်းသကြီးအတွင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆီးချိုနှင့်သွေးတိုးရောဂါ အမဲ့ကုသမှုအစီအစဉ်ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၄၄ ခု၊ တိုက် နယ်ဆေးရုံ ၁ ရုံ၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန ၁၃ ခု၊ ဒေသန္တရ ကျန်းမာရေးဌာန ၂၉ ခု၊ ဒေသန္တရကျန်းမာ ရေးဌာနခွဲ ၂၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၈၁ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၁ ခု စုစုပေါင်း၆၂၉ခုတွင် ကုသပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ကျန်းမာရေးဌာနများတွင် ဆီးချို လူနာ ၂၅၆၀၅ ဦးနှင့် သွေးတိုးလူနာ ၃၃၆၅၈ ဦးတို့ကို ကုသမှု ပေးနိုင်ခဲ့ကြောင်း ၂၇ ခုနှစ် စာရင်းများအရ သိရသည်။

 

ကမ္ဘာ့ဆီးချို သွေးချို ထိန်းသိမ်း ကာကွယ်ရေးနေ့

 

၁၉၁ ခုနှစ်တွင် နိုင်ငံတကာဆီးချိုဖက်ဒရေးရှင်း (International Diabetes Federation-IDF) 4 mg ကျန်းမာရေးအဖွဲ့ (WHO)ကြီးတို့က ကမ္ဘာကြီးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေ၍ ဖြစ်ပွားမှုနှုန်း လျင်မြန်တိုးတက်လာသော ဆီးချို သွေးချိုရောဂါကပ်ဆိုးကြီးကို အချိန်မီကာကွယ် ထိန်းသိမ်းနိုင်ရေးအတွက် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဆီးချိုသွေးချို ကုသရာတွင် အဓိကကျသည့် အင်ဆူလင် [Insulin) ဟော်မုန်းကို တွေ့ရှိခဲ့သည့် ဒေါက်တာ ဖရက်ဒရစ်ဘန်တင်း (Dr.Frederick Bant inj၏ မွေးနေ့ဖြစ်သော နိုဝင်ဘာ ၁၄ ရက်ကို ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ( ကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day) အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ၁၉၉၂ခုနှစ်မှ စတင်ကာ သတ်မှတ်လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်က တစ်ကြိမ်ကျင်းပခဲ့ပြီး ၂၀ထ မှ စတင်ကာ ယနေ့အထိ နှစ်စဉ်ကျင်းပခဲ့သည်။

 

အမျိုးအစား(၁) ဆီးချို သွေးချိုရောဂါ လက္ခဏာ များသည်လျင်မြန်စွာ ရက်သတ္တပတ် အနည်းငယ်အတွင်း) ပြတတ်သည်။ အမျိုးအစား (၂) ဆီးချို သွေးချိုရောဂါတွင်မူ ရောဂါလက္ခဏာများ တဖြည်းဖြည်းသာပေါ်တတ်၍ နှစ် ပေါင်းများစွာကြာတတ်သည်။ တစ်ခါတစ်ရံ သတိမမူ မိလောက်အောင် ရောဂါလက္ခဏာ ထင်ထင်ရှားရှားမပြ ဘဲ ရှိတတ်သည်။ များသောအားဖြင့် တခြားရောဂါ- ဥပမာ မျက်စိမှုန်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း ခွဲစိတ်မသမီ ပဏာမစစ်ဆေးခြင်း စသည်တို့တွင်ဆေးဆစ်သောအခါမှ ဆီးချို သွေးချိုရှိကြောင်း သိကြရသည်က များသည်။

 

ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများသည် ဆီးချို သွေးချိုထက် အန္တရာယ်ကြီးသည်။ သွေးကြော ငယ်များကို ထိ၍ဖြစ်သော ရောဂါနှင့် သွေးကြောကြီး များကိုထိ၍ဖြစ်သောရောဂါဟူ၍ ခွဲခြားနားလည်နိုင်သည်။ သွေးကြောငယ်ဆိုသည်မှာ သာမန်မျက်ဖြင့် မမြင်နိုင်သော သွေးကြောများ (ဥပမာ-မျက်စိမြင်လွှာ သွေးကြော၊ အာရုံကြောကို အာဟာရထောက်ပံ့သော သွေးကြောငယ်များ)သည် မှန်ဘီလူးနှင့်ကြည့်မှ မြင်ရသည်။ မျက်စိမှုန်ခြင်းမှ သည် မျက်စိကွယ်သည်အထိ ဖြစ်နိုင်သည်။ 

 

ကမ္ဘာတွင် ခြောက်စက္ကန့်လျှင် တစ်ဦးနှုန်း ဆီးချို သွေးချိုရောဂါရှိသူ တိုးပွားလျက်ရှိရာ ၂၀၁၅ခုနှစ်က ၁၅ သန်ရှိပြီး ၂၀၄၀ ပြည့်နှစ်တွင် သန်း ၆၄၀ ရှိလာမည်ဟု ခန့်မှန်းထားသည်။ အမျိုးအစား(၂)ဆီးချို သွေးချိုသည် အဖြစ်များဆုံးဖြစ်သည်။

 

မြန်မာနိုင်ငံ၌ ၂၁၃-၁၄ သုတေသန စစ်တမ်းအရ အသက် ၂၅ နှစ်နှင့် ၆၅ နှစ်ကြား လူအယောက် ၁၀ မှာ ( ၁ ယောက် ဖြစ်နေသည်ဟု သိရသည်။ ဆီးမစစ် သွေးစစ်ကြည့်ခြင်းကြောင့် ဆီးချို သွေးချို ရှိမှန်းမသိ သူများလည်း ရှိနိုင်သဖြင့် လူတိုင်း ဆီးချို သွေးချို စစ်ကြည့်သင့်သည်။ (၁) ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်၊ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်း သည့်အစားအသောက်များရှောင်ရန်လိုသည်။ (၂)ဆန်၊ ဂျုံ၊ ပြောင်း၊ အာတာလွတ်၊ ကန်စွန်းဥ စသည့် ကစီဓာတ်များသည့်အစာများကို တရားလွန်မစားသင့်ပါ။ (၃) ကိုယ် ကာယလှုပ်ရှားမှုကို တတ်နိုင်သလောက် များများလုပ်ပါ။ အနည်းဆုံး မိနစ် ၃၀ လောက် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ရမည်။ (၄)ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ အရက် သေစာအလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

 

ကျန်းမာရေးအသိရှိဖို့လို

 

ကမ္ဘာပေါ်တွင် အမျိုးသမီး ၁၉၉ သန်းသည် ဆီးချို ရောဂါခံစားနေရပြီး ၂ဝ၄ဝ ပြည့်နှစ်တွင် ၃၁၃သန်းဖြစ်လာ မည်ဟု ခန့်မှန်းသည်။ ကမ္ဘာပေါ်တွင် အမျိုးသမီးများ သေဆုံးနေသည့် ရောဂါများအနက် ဆီးချိုရောဂါသည်နံပါတ် ကိုးနေရာ လိုက်သည်။ ဆီးချိုရောဂါကြောင့် နှစ်စဉ် အမျိုးသမီး ၂ ဒသမ ၁ သန်းခန့် သေဆုံးနေသည်ဟု သိရသည်။

 

ဆီးချို သွေးချိုနာရှင် ငါးယောက်တွင် နှစ်ယောက်မှာကိုယ်ဝန်ဆောင်နိုင်သည့်အရွယ်ဖြစ်ပေသည်။ ဆီးချို သွေးချို ကိုယ်ဝန်ဆောင်များသည် မွေးဖွားရာတွင် ခက်ခဲလေ့ရှိသဖြင့် အထူးသတိထားရသည်။ ခုနစ်ယောက်မှာ တစ်ယောက်သည် ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချို သွေးချို (Gestational Diabetes-GDM ဖြစ်တတ်ပြီး မိခင်နှင့် ကလေး ကျန်းမာအသက်ရှင်ရေးကို ပြင်းထန်စွာ ခြိမ်းခြောက်သော အခြေအနေတစ်ရပ်ဖြစ်ပေသည်။ ပို၍ ဆိုသည်မှာ ယင်း GDM မှာ အမျိုးအစား (၂) ဆီးချို သွေးချိုသို့ ပြောင်းလဲသွားတတ်သဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာနိုင်သည်။

 

အမျိုးသမီးကြီးငယ်များကို ဆီးချို သွေးချိုဆိုင်ရာ ဗဟုသုတများသင်ကြားပို့ချ၍ နားလည်သဘောပေါက် စေခြင်း၊ လက်လှမ်းမီသလောက် လူအင်အား၊ ငွေအင်အား၊ ပစ္စည်းအင်အားများ ရောင်စုစည်း၍ အမျိုးအစား(၂) ဆီးချို သွေးချိုကို ကာကွယ်ခြင်း၊ သို့မဟုတ် ဖြစ်ပွားမှုနှုန်း နှေးစေခြင်း စသည့်လုပ်ငန်းများတွင် ပါဝင်နိုင်အောင် အရည်အသွေးမြှင့်တင်ခြင်းများ လုပ်ဆောင်ပေးကြရမည် ဖြစ်ပေသည်။ အမျိုးသမီးထုအတွင်း ကျန်းမာသော ဘဝပုံစံများ တည်ဆောက်ခြင်းဖြင့် ယခုအတွက်သာမက နောင်မျိုးဆက်သစ်များအတွက်ပါ တိုးတက်ကောင်းမွန်သော ကျန်းမာရေးအခြေအနေကို ဖန်တီးနိုင်ရမည်ဖြစ်ပေသည်။

 

ယခုလေ့လာမှုတွင် ယခင်က ဆီးချိုရောဂါ စစ်ဆေး မှုခံယူဖူးသော လူကိုးသိန်းပါဝင်ပြီး တစ်နှစ်စီအတွင်းလူတစ်ဦးကို သုံးကြိမ် အနည်းဆုံး သွေးထဲရှိ ဂလူးကို့စ်ပမာဏကို စစ်ဆေးခဲ့သည်။ လေ့လာမှုပြီးနောက် ငါးနှစ် အကြာတွင် ၎င်းလူများ၏ ၁၀ ရာခိုင်နှုန်းသည် ဆီးချိုရောဂါဖြစ်လာပြီး အနည်းဆုံးနှစ်ကြိမ် လူကို့စ်စစ်ဆေးမှုများအတွင်း ၁၂ လတာကာလ၌ 115 mg/dl ရှိသူများ ဆီးချိုရောဂါ ဖြစ်နိုင်သည့် အန္တရာယ်မြင့်မားသည်ဟု လေ့လာတွေ့ရှိခဲ့သည်။ သွေးထဲတွင် လူးကို့စ် မာဏ | 130 mg/dl ရှိသူများမှာ ဆီးချိုရောဂါဖြစ်နိုင်သည့် အန္တရာယ်ပို၍ မြင့်မားသည်။ အစဉ်အလာအတိုင်း ဆီးချိုရောဂါ စစ်ဆေးမှုများက အစာမစားသောအချိန်တွင် ဂလူးကို့စ်ပမာဏကို တိုင်းတာခြင်းဖြစ်သည်။ ကြုံသလို ဂလူးကို့စ်ပမာဏကို စစ်ဆေးသော နည်းလမ်းတွင် လူတစ်ဦးအနေဖြင့် အစာမစားဘဲ နေစရာမလိုဘဲ မည်သည့် အချိန်၌မဆို စစ်ဆေးမှု ခံယူနိုင်သည်။

 

ဗြိတိန်သုသီများက အမျိုးအစား(၂) ဆီးချိုရောဂါ ရှိသူများသို့ ဆောင်းကောင်းပါးလိုက်ပြီး ကျန်းမာရေးတွင် ခြားနားမှုဖြစ်စေရန် ကိုယ်အလေးချိန်မြောက်အမြား လျှော့ချစရာမလိုဟု ပြောကြားသည်။ ကိုယ်အလေးချိန် ( ၁၀ ရာခိုင်နှုန်းခန့် လျော့ကျလျှင်ပင် ယင်းအမျိုး (၂) ဆီးချိုရောဂါနောက်ဆုတ်သွားသည်ဟု သုတေသီများက ပြောကြားသဖြင့် ကိုယ်အလေးချိန်ပေါင် ၁ စရှိသူ သည် ၁၈ ပေါင်သာရမည်ဖြစ်သည်။ ရောဂါဖြစ်ပြီး ငါးနှစ်အတွင်း ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်း လျှော့ချရန်လိုအပ်ပြီး မည်သည့် အစားအစာကြောင့် ဝိတ်ကျသည်ဖြစ်စေ၊ နှေးကွေးစွာ ဝိတ်ကျခြင်း(သို့မဟုတ်) မြန်ဆန်စွာ ဝိတ်ကျခြင်းများမှာလည်း အရေးမကြီးဟု တေ သီများကပြောသည်။ “ကိုယ်အလေးချိန်နည်းနည်းရင်ပဲ ရောဂါအန္တရာယ်လျော့သွားပါတယ်။ အစားအသောက် အလွန်ဆင်ခြင်တာ၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာတွေ မလိုပါဘူး" ဟု ကန်းဘရစ် တက္ကသိုလ် လက်တွေ့ဆေးပညာကျောင်းမှ ကထိကနှင့် အထွေထွေရောဂါကု ဆရာကန်ဒေါက်တာဟာဂျီရာဒမ် ဘာစီလာက ပြောသည်။

 

မှန်ကန်သောနေထိုင်စားသောက်မှု ပုံစံ

 

အမျိုးအစား (၂) ဆီးချိုရောဂါကို တစ်သက်တာ ရောဂါလို့ ရှုမြင်သင့်တော့ပါဘူး၊ ဝိတ်ကျအောင် လုပ်ပြီး ဆက်ထိန်းထားနိုင်မယ်ဆိုရင် ဒီရောဂါကို ကုသနိုင်ပါတယ် ဟုဒေါက်တာဒမ်ဇီလာက ပြောသည်။ အမျိုး အစား(၂) ဆီးချိုရောဂါသည် ကမ္ဘာတစ်ဝန်းလူသန်းပေါင်း ၄၀ခံစားနေရသော ရောဂါဖြစ်ပြီး တဖြည်းဖြည်း ပိုဆိုး လာတတ်သည့် ရောဂါအဖြစ် သဘောထားကြသည်။ သို့သော်တစ်နေ့လျှင် ကယ်လိုရီ၀၀အောက်စသောက်ပြီး သိသာစွာ ဝိတ်ချခဲ့ပါက ၉၀ ရာခိုင်နှုန်းခန့် ရောဂါလျော့ ပါးသွားသည်ဟု သုတေသီများက မှတ်ချက်ပြုထားသည်။

 

ဆီးချို သွေးချိုလူနာရှင်များ လိုက်နာသည့်အချက်များ

၁။ အစားအစာကို အချိန်မှန်မှန်နှင့် ပုံမှန်ပမာဏကို စားသုံးပါ။

၂။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ။

၃။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ။

၄။ ဆီးချိုသွေးချိုရောဂါအတွက် သောက်နေသော ဆေး (သို့)အင်ဆူလင်ကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မရပ်ရ။ ၅။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးမပြောင်းရ။ ၆။ သွေးချို ပမာဏကို သိစေရန်သွေး၏ ချိုဓာတ်ကို မှန်မှန်ဖောက်စစ်ရန်။

၇။ ဆီးချို သွေးချိုရောဂါအတွက် ဆရာဝန်နှင့် ပုံမှန်ပြသရန်။

 

ကမ္ဘာ့ဆီးချို သွေးချို ကာကွယ်ထိန်းသိမ်းရေးနေ့သည် ဆီးချို သွေးချိုရောဂါ၏ အန္တရာယ်ကြီးမားပုံကို သတိမူ သတိပြု၍ ဆီးချို သွေးချိုရောဂါကာကွယ်ရေး ဖြစ်ပွားနှုန်းလျော့နည်းရေးအတွက် နိုင်ငံပေါင်း ၁၆၀ ကျော် လူပေါင်းတစ်ဘီလီယံခန့် ပါဝင်သော အကြီးမား ဆုံး ကျင်းပသည့် လူထုလှုပ်ရှားမှုနေ့ကြီးဖြစ်သည်။ ကမ္ဘာ့လူသားတိုင်း ကျန်းမာရေးနှင့်ညီညွတ်မျှတသော စားသောက်ခြင်း ကျန်မာရေးနှင့်လိုက်ဖက်သော လူနေ မှုပုံစံဖြင့် နေထိုင်ခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းတို့ဖြင့် ဆီးချိုသွေးချိုရောဂါကပ်ဘေးမှ ကင်းဝေးကြပါစေဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။ ။

 

မေယု-မျိုးအောင် (MANA)