ကျန်းမာဖို့အတွက် စားပေးသင့်တဲ့ မနက်စာများ

၈  အောက်တိုဘာ

အိပ်ယာကနေ နိုးနိုးချင်း မနက်ခင်းမှာစပြီး မှီဝဲစားသောက်တဲ့ မနက်စာဆိုတာ တစ်နေကုန် အင်အားပြည့်ဖြိုးပြီး လန်းဆန်းတက်ကြွနေစေဖို့အတွက် အဓိက အကျဆုံး အရာပါ။

 

မနက်စာကို စနစ်တကျ မမှီဝဲဘူးဆိုရင် တစ်နေ့လုံး အဆင်ပြေနေမှာမဟုတ်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေမှာပါ။ အဝလွန်သူတွေရဲ့ အဓိက ပြဿနာတွေထဲမှာလည်း မနက်ခင်းပိုင်းမှာ မနက်စာကို စနစ်တကျ မစားသောက်တာက တစ်ချက်အပါအဝင်ပါပဲ။

 

လူတိုင်း မနက်ခင်းစာကို ကောင်းမွန်ပြီး အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှီဝဲစားသောက်မယ်ဆိုရင် ဗိုက်ဝရုံတင်မကပါဘူး။ ကျန်းမာစေဖို့ကိုလည်း အထောက်အကူ ဖြစ်စေမှာပါ။

 

မနက်ခင်းတိုင်းမှာ ကြုံသလို မှီဝဲစားသောက်နေတာမျိုးထက် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမယ့် အစားအစာမျိုးတွေကို ရွေးချယ်စားသောက်မယ်ဆိုရင် ပိုပြီးအဆင်ပြေမှာပါ။

 

ဘယ်လိုအစားအစာမျိုးတွေက မနက်ခင်းမှာ မှီဝဲပေးဖို့ ပိုပြီးသင့်လျော်လဲဆိုတာကို ဖော်ပြပေးချင် ပါတယ်။

 

ဥအမျိုးမျိုး

မနက်ခင်းစာတွေမှာ ဥတစ်မျိုးမျိုးတော့ ပါဝင်နေသင့်ပါတယ်။ ထမင်းကြော်လေးကို ကြက်ဥကြော်လေးနဲ့ စားတာမျိုးပေါ့။ ဥတွေဟာ ဗိုက်ပြည့်စေတဲ့အကျိုးကျေးဇူးပြင် ကယ်လိုရီပါဝင်မှုလည်း နည်းတာမို့ ကျန်းမာရေးအတွက် အလွန်အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်လယ်ဗယ်ကိုလည်း ထိမ်းညှိပေးနိုင်ပါသေးတယ်။

 

ဒိန်ချဉ်

ဒိန်ချဉ်ဆိုပေမယ့် အရသာထည့်ထားတဲ့ ဒိန်ချဉ်တွေကို ဆိုလိုတာမဟုတ်ပါဘူး။ သဘာဝဒိန်ချဉ်တွေကို ပြောချင်တာပါ။ အထူးသဖြင်တော့ Greek Yogurt ပေါ့။ ဒိန်ချဉ်တွေက ပရိုတိန်းကြွယ်ဝပြီး ဗိုက်လည်းပြည့်စေပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ ရင်သားကင်ဆာကိုကာကွယ်ဖို့အတွက်လည်း မှီဝဲပေးသင့်ပါတယ်။

 

ကော်ဖီ

လူတိုင်းနှစ်သက်ကြတဲ့ ကော်ဖီကို အသောက်သင့်ဆုံးအချိန်ဟာ မနက်ခင်းပိုင်းမှာဖြစ်ပါတယ်။ မနက်ခင်းပိုင်း ကော်ဖီသောက်သုံးတာဟာ လူကို လန်းဆန်းတက်ကြွစေပြီး စိတ်ကိုလည်း ကြင်လင်ကောင်းမွန်စေပါတယ်။ ဒါပေမယ့် တစ်နေ့ကို ကော်ဖီ ၄၀၀ မီလီဂရမ်ထက် ပိုမသောက်မိဖို့ကတော့ ကိုယ်တိုင်ရဲ့ တာဝန်ပါ။

 

Oatmeal

အုတ်ဂျုံကိုတော့ ကွေကာအုတ်တွေကနေတစ်ဆင့် မှီဝဲနိုင်ပါတယ်။ ကွေကာအုတ်ကြိုက်တတ်သူတွေ အတွက်တော့ သတင်းကောင်းပေါ့။ ဖိုက်ဘာပါဝင်မှုများသလို antioxidants လည်း ကြွယ်ဝတာမို့ ကျန်းမာရေးအတွက် အသင့်လျော်ဆုံး မနက်စာတစ်မျိုးပါပဲ။

 

အစေ့အဆန်

မြန်မာ့ဓလေ့မှာတော့ နံနက်ခင်းပိုင်းမှ အစေ့အဆန်တွေ မှီဝဲတတ်တာမျိုးမရှိကြပါဘူး။ ဒါပေမယ့် အစေ့အဆန်တွေဟာလည်း နံနက်ခင်းပိုင်းမှာ မှီဝဲပေးသင့်တဲ့ အစားအစာမျိုးတွေပါ။ မနက်စာတွေထဲမှာ အဆန်တွေ အနှံတွေပါဝင်နေမယ်ဆိုရင် သင့်ကို ကယ်လိုရီလျော့နည်းစေမှာဖြစ်ပြီးတော့ ဆီးချိုသွေးချိုသမားတွေဆိုရင်လည်း အင်ဆူလင်ပမာဏကို ထိမ်းညှိပေးဖို့ မှီဝဲပေးနိုင်ပါတယ်။

 

Green Tea

လက်ဖက်စိမ်း ရေနွေးကြမ်းလေးကို မနက်ခင်းတိုင်း မှီဝဲပေးတာကလည်း ကျန်းမာရေးအတွက် ကောင်းကျိုးအများကြီးရစေမှာပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ဆောင်ချက်တွေကို တိုးတက်စေမှာ ဖြစ်သလို တက်ကြွလန်းဆန်းနေစေဦးမှာပါ။ သွေးတိုးဆီးချိုရှိသူတွေ ပိုပြီး သောက်ပေးသင့်ပါတယ်။

 

သစ်သီးသစ်ဖု

ကိုယ်နှစ်သက်ရာ သစ်သီးဝလံတွေကို မနက်ခင်းပိုင်းမှာ မနက်စာအဖြစ်မှီဝဲမယ်ဆိုရင် ကျန်းမာရေး ကောင်းမွန်စေနိုင်သလို ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။ ဝိတ်ချနေသူတွေအတွက် အသင့်လျော်ဆုံးနည်းလမ်းပါ။ သီးနှံတွေကနေ ဗီတာမင်၊ ပရိုတိန်းနဲ့ ပိုတက်ဆီယမ်တွေ ရရှိနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

 ရေးသားသူ Ye Zon Aung

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်