၁၇ ဩဂုတ်

 

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တိုကျိုမြို့ရှိ ဆေးရုံတွင် ယနေ့၌ ဆေးစစ်ခဲ့သည်။

 

 

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကျန်းမာရေး မကောင်းကြောင်း ကောလဟလများ ထွက်ပေါ်နေပြီးနောက် ၎င်း၏ လက်ထောက်ဖြစ်သူက ကျန်းမာရေး စစ်ဆေးမှု ခံယူနေကြောင်း ပြောကြားခဲ့သည်။

 

 

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကီကို တက္ကသိုလ် ဆေးရုံသို့ အလည်အပတ် လာရောက်ပြီး နောက်တစ်ရက်တွင် စီးပွားရေး ဝန်ကြီးဟောင်းဖြစ်သူ အကီရာ အာမာရီက တီဗွီ အစီအစဉ် တစ်ခုတွင် ဝန်ကြီးချုပ်မှာ ပင်ပန်းနေသဖြင့် အနားယူရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း  ကျိုဒို သတင်းဌာနက ဖော်ပြခဲ့သည်။ 

 

 

အသက် ၆၅ နှစ် အရွယ်ရှိသည့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဝန်ကြီးချုပ် ရာထူးတွင် ၂၀ဝ၆ ခုနှစ်မှ စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး အူလမ်းကြောင်း ရောင်းရမ်းသည့် နာတာရှည် ရောဂါကြောင့် ၂၀ဝ၇ ခုနှစ်တွင် ရာထူးမှ ရုတ်တရက် နုတ်ထွက်ခဲ့သည်။

 

 

ကျွန်တော် မြင်တာကတော့ ဝန်ကြီးချုပ်က ၎င်း၏ တာဝန်များကို ချောချောမောမော လုပ်ဆောင်နေခဲ့သည့်အတွက် ဝန်ကြီးချုပ်မှာ ကျန်းမာရေး ပြဿနာများ မရှိဘူးဟု ထင်ကြောင်း ဝန်ကြီးချုပ် အာဘေး ဖြစ်ပေါ်နေသည့် ကျန်းမာရေး ပြဿနာများကို  ဂျပန်နိုင်ငံ ထိပ်တန်း အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ယိုရှီအီဒါ ဆူဂါက အစောပိုင်းက လျော့ပေါ့ပြောဆိုခဲ့သည်။

 

 

ဩဂုတ်လ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တိုကျိုရှိ ဆေးရုံတစ်ရုံတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း အစိုးရ အကြံပေး အရာရှိ တစ်ဉီးက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 117386996_3680