ဖလမ်း  ၆   ဒီဇင်ဘာ      

 

ဖလမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် Save the Children တို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် မသန်စွမ်းသူများအား ထည့်သွင်းစဉ်းစား ဆောင်ရွက်နိုင်ရေး( Disability Inclusive Advocacy ) မြို့နယ်အဆင့်အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က အမှာစကား ပြောကြားသည်။ ထို့နောက် ဖလမ်းမြို့ လူမှုဝန်ထမ်းမူကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ထောင်လွန်းကျိန်က မသန်စွမ်း သူများနှင့် ပတ်သက်ပြီး လုပ်ဆောင်နေ သောလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဧဒင်မသန်စွမ်း သက်ငယ်များ ပြုစုရာရိပ်မြုံ အဖွဲ့မှ ဦးဌေးအောင်က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် မသန်စွမ်းသူများအား ထည့်သွင်းစဉ်းစားရေးကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး မြို့နယ် ကျန်းမာရေးမှူး ဦးရိုနိုတ်ခါးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းသည် မသန်စွမ်း သူများဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ လူဦးရေ ၇ ဒသမ ၄ ရာခိုင်နှုန်းသည်လည်း မသန်စွမ်းသူများ ဖြစ်ကြကြောင်း သိရသည်။

 

ဂျွန် (ပြန်/ဆက်)