သံတောင်ကြီး ၂၉ မတ်
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ကျန်းမာရေး သတင်းအချက်အလက်များ စောင့်ကြည့်ဇယားနှင့် လက်တွေ့လုပ်ငန်းစဉ်များတွင် အသုံးချခြင်း အလုပ်ရုံဆွေးနွေးပွဲကို မတ် ၂၈ ရက်က သံတောင်ကြီးမြို့ ဇိုင်းယာန်းဘုရားကျောင်း၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ဆွေးနွေးပွဲတွင် (Health Management Information System) ဘားအံမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်ဝင်းက အမှာစကား ပြောကြားပြီး ဦးအောင်ဝင်းမင်း (Jhpiego အဖွဲ့ မြို့နယ်တာဝန်ခံ)က ဆွေးနွေးပွဲပြု လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် စုဖွဲ့ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။
ဆွေးနွေးပွဲသို့ စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် (Health Management Information System) နေပြည်တော်မှ ကျန်းမာရေး သတင်းအချက်အလက်ဆိုင်ရာအရာရှိ ဒေါက်တာနေဦးကျော်၊ လိပ်သို တိုက်နယ်ဆေးရုံမှ တာဝန်ရှိသူများနှင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျန်းမာရေးမှူးများနှင့် သားဖွားဆရာမများ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
MDN