လဲချား ၃၁ မတ်
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်၌ ကျန်းမာရေး ဝန်ထမ်းများအတွက် PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်နည်းများအား လက်တွေ့သရုပ်ပြသမှုကို မတ် ၃၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ COVID-19 ရောဂါ ကုသရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ကြရမည့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် PPE ဝတ်စုံ စနစ်တကျဝတ်ဆင်နည်းများ၊ သိသင့်သိထိုက်သည်များကို မြို့နယ် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဇင်မောင်နွယ်က ရှင်းလင်းပြောကြားပေးခဲ့ပြီး ကျန်းမာရေးမှူး အဆင့် ၁ စိုင်းသက်အောင်ဦး မှ ppe ဝတ်စုံအား လက်တွေ့သရုပ်ပြ ဝတ်ဆင်ပြသပေးခဲ့သည်။
ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများ COVID-19 ရောဂါနှင့် ပတ်သက်၍ မြို့နယ်အတွင်း ဆောင်ရွက်သွားမည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါနှင့် ပတ်သက်၍ သတိပြုရမည့် အချက်များကို မြို့နယ် ဆရာဝန်ကြီးက ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


