နေပြည်တော် ၅ စက်တင်ဘာ 

 

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ စံပြုလုပ်ထုံးများနှင့် လုပ်ငန်းလမ်းညွှန်များ အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

gfer

 

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် နေရာဒေသမရွေး လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုကိုရရှိရန် ပြည်သူ့ကျန်းမာရေး၊ ရောဂါကာကွယ်နှိမ်နင်းရေး၊ ကုသရေး စသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများစနစ်တကျ စီမံခန့်ခွဲခြင်း အလေ့အထဖြစ်ထွန်းလာသည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊  သုတေသနလုပ်ငန်းများ၊ စဉ်ဆက်မပြတ်ဆေးပညာသင်ကြားမှုနှင့် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုသည်။ 

 

သတင်းစဉ်