mdn

နေပြည်တော်  ၁၅  နိုဝင်ဘာ

 

ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ် အပြီးသတ်ထုတ်ဝေနိုင်ရေး (Finalization Workshop on Standardized Health Message Book (SHMB) Version-02) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ် (Version-02) ထုတ်ဝေနိုင်ရေးအတွက် အကြံပြုဆွေးနွေးကြသည်။

 

တစ်နိုင်ငံလုံး တစ်ပြေးညီစံထားအသုံးပြုနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များစာအုပ် (Version-01)ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အခန်း(၁၂) ခန်းပါ စာအုပ်အနေဖြင့် ထုတ်ဝေခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်က ထုတ်ဝေခဲ့သည့် Version – 01 ကို လက်တွေ့အသုံးပြုရာတွင် တွေ့ကြုံရသည့်အခြေအနေများအပေါ် မူတည်ပြီး အားသာ ချက်၊ အားနည်းချက်များနှင့် ထပ်မံဖြည့်စွက်လိုသည့်အချက်များကို သက်ဆိုင်ရာ ဦးစီးဌာန များ၊ စီမံချက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျွမ်းကျင်ပညာရှင်များထံမှ မူကြမ်း များ တောင်းခံ၍ Version-02 အား အပြီးသတ်အတည်ပြုနိုင်ရေးအတွက် ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

 

သန့်ဇော်

mdn