နောင်တရား ၄ ဧပြီ
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် နောင်တရား အ.ထ.က ကျောင်းတွင် ဖွင့်လှစ်ထားသည့် ခေတ္တကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ ပြည်တော်ပြန်များအား (၄၆)ဦးအား ကျန်မာရေးအခြေအနေစောင့်ကြည့်နိုင်ရန်အတွက် Quarantine (၁၄)ရက် ထားရှိပြီး ယနေ့ ဧပြီလ ၃ ရက်နေ့အထိ ကျန်းမာရေးကောင်းမွန်ပြီး (၁၄)ရက်ပြည့်သူ အမျိုးအမီး(၃)ဦး၊ အမျိုးသား(၆) ကို မိမိရပ်ရွာသို့ ပြန်ခွင့်ပြုကြောင်း သိရသည်။
မိမိရပ်ရွာသို့ ပြန်ခွင့်ရသူများကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ပေးသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားပြီး၊ နောင်တရားတိုက်နယ် ဆရာဝန်ဒေါက်တာငြိမ်းငြိမ်းအိက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သော ကျန်းမာရေးအသိပညာများနှင့် မိမိရပ်ရွာသို့ပြန်ခွင့်ရသူများကို Mask နှင့် Hand Gel များ ပေးအပ်ခဲ့ကြောင်း သိရသည်။
တီကျစ်အ.ထ.ကကျောင်း၌ ဖွင့်လှစ်ထားသည့် ခေတ္တကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ Quarantine (၁၄)ရက် ကျန်းမာရေးစောင့်ကြည့်မှုခံယူနေသူ ဧပြီလ(၃)ရက်နေ့အထိ (၈၅)ဦးရှိသော်လည်း (၁၄)ရက်ပြည့်၍ ကျန်းမာရေးကောင်းသော ပြည်တော်ပြန်(၉)ဦးကို မိမိရပ်ရွာသို့ ပြန်ခွင့်ပြုကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)


