၂ အောက်တိုဘာ
မက္ကဆီကို အောက်လွှတ်တော်က ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာ (junk- food) တွေမှာ သတိပေးစာကို ထုတ်လုပ်သူတွေက ကပ်ပေးရန်အတွက် ဥပဒေပြဋ္ဌာန်းရန် အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။ ကမ္ဘာမှာ အဝလွန်တဲ့သူ အများအပြားရှိရာ နိုင်ငံတွေထဲမှာ မက္ကဆီကိုနိုင်ငံလည်း ပါဝင်တာကို တွေ့ရပါတယ်။
အောက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဥပဒေမှာ အစားအစာတွေထုတ်ပိုးထားတဲ့ အိတ်တွေအပေါ်မှာ သကြား၊ ဆိုဒီယံဓာတ် သို့မဟုတ် ပြည့်ဝဆီ အများအပြားပါကြောင်း ရေးသားထားမှာဖြစ်ပါတယ်။ အဲဒီဥပဒေကို ထောက်ခံမဲ ၄၄၅ မဲ၊ ကြားနေမဲ ၃ မဲ နဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီဥပဒေဟာ အခုဆိုရင် အထက်လွှတ်တော်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ အထက်လွှတ်တော်ကလည်း အတည်ပြုပေးမယ်လို့ မျှော်လင့်ရပါတယ်။ အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကို သမ္မတ အတည်ပြုပြဋ္ဌာန်းမှာ ဖြစ်ပါတယ်။
မက္ကဆီနိုင်ငံဟာ ကမ္ဘာမှာ အဝလွန်ကလေးဦးရေ အများဆုံးနိုင်ငံတွေမှာပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မက္ကဆီနိုင်ငံရဲ့ ကလေးဦးရေ သုံးပုံတစ်ပုံဟာ အဝလွန်တဲ့သူ သို့မဟုတ် သတ်မှတ်အလေးချိန်ထက်ပိုတဲ့ ကလေးဖြစ်ပါတယ်။
အခုပြဋ္ဌာန်းမယ့် ဥပဒေမှာ သတိပေးစားကို ဘယ်လိုပုံစံနဲ့ ထည့်မယ်လို့ မဖော်ပြပေမယ့် လူထုကျန်းမာရေး လှုပ်ရှားသူတွေက ၂၀၁၆ ခုနှစ်က ချီလီနိုင်ငံက သတိပေးစာပုံစံလို ဆဋ္ဌဂံပုံ အမည်းရောင်ထဲမှာ သတိပေးစာကို အဖြူရောင်နဲ့ ရေးသားထားတဲ့ပုံစံလိုမျိုး လုပ်ချင်နေကြပါတယ်။
MDN
ကိုးကား - AFP