ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန

နေပြည်တော် ၅ စက်တင်ဘာ

 

နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခု (နာဂ၊ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) တို့မှ ၂၀၁၈-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များသို့ အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။