နေပြည်တော် ၂၄ ဇန်နဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မြန်မာ - အင်္ဂလိပ် ဘာသာပြန် (၂/၂၀၂၀) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အမှာစကားပြောကြားပြီး သင်တန်းဆရာ ဒေါက်တာသာစိန်နှင့် သင်တန်းတာဝန်ခံ ဦးရဲလွင်တို့က သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြ၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ထူးချွန် သင်တန်းသားများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ကြသည်။
ယနေ့ခေတ်တွင် အင်္ဂလိပ်စာနှင့် IT ပညာရပ်များသည် အရေးကြီးပြီး စဉ်ဆက်မပြတ် လေ့လာရန် လိုအပ်သည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်း တက်ရောက်ကြသူများအနေဖြင့် မိမိတွင်ရှိသည့် အရည်အချင်းများနှင့် သင်တန်းမှ ရရှိသော ပညာရပ်များကို ပေါင်းစပ်ပြီး ဌာနအကျိုး၊ နိုင်ငံ့အကျိုးများကို ယခုထက် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
သန့်ဇော်