၂၈ ဒီဇင်ဘာ
- coVID-19 ရောဂါပိုးကူးစက်ခံရပြီး ရောဂါပျောက်ကင်းသူများ၏ သွေးရည်ကြည်ထဲတွင် ကိုရိုနာဗိုင်းရပ်(စ်)ပိုး (severe acute respiratory syndrome coronavirus 2- SARS-COV-2) ok påmorzuseEcos ပဋိပစ္စည်း (Antibody) များ ကျန်ရစ်သည့် ၎င်းတို့၏ သွေးရည်ကြည် (Convalescence Plasma) အား အသုံးပြု၍ COVID-19 ရောဂါ ပြင်းထန်သောလူနာများကို ကုသရာတွင် ရောဂါသက်သာ ပျောက်ကင်းရန် အထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။
- ကိုရိုနာဗိုင်းရပ်(စ်)ပိုး (SARS-CoV-2) ကူးစက်ခံရပြီး (၂၈) ရက်တိတိ ပကတိ ပြန်လည်နေထိုင် ကောင်းလာသူများအနေနှင့် ၎င်းတို့၏ သွေးရည်ကြည်ကို လှူဒါန်းခြင်းဖြင့် ကိုဗစ်ရောဂါ ပြင်းထန်စွာ ခံစားနေသောလူနာများ၏အသက်ကို ကယ်တင်ပေးနိုင်မည်ဖြစ်သည်။
- သွေးရည်ကြည်အလှူရှင်ထံမှ သွေးရည်ကြည်ထုတ်ယူရာတွင် ယခုအခါ သွေးရည်ကြည်ထုတ်စက် (Apheresis machine) ကို အသုံးပြု၍ သွေးရည်ကြည် (၄၀၀) စီစီမှ (၆၀၀)စီစီအထိ ထုတ်ယူနိုင်၍ လူနာ(၂) ဦးမှ (၃)ဦးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ သွေးရည်ကြည်လှူဒါန်းရာတွင် အလှူရှင်၏သွေးနီဥများကို အလှူရှင်၏ ကိုယ်ခန္ဓာတွင်းသို့ စက်မှတစ်ဆင့် ပြန်လည်သွင်းပေးခြင်းဖြင့် သွေးရည်ကြည်အလှူရှင်မှာသွေးအား လျော့နည်းသွားခြင်း မရှိပါ။ ဤကဲ့သို့ သွေးရည်ကြည် လှူဒါန်းခြင်းကို (၂)ပတ်မှ (၄)ပတ် တစ်ကြိမ် (၃)ကြိမ်ထိ လှူဒါန်းနိုင်၍ သွေးရည်ကြည် လှူဒါန်းသူတစ်ဦးမှ တစ်ဦးထက်မကသော ကိုဗစ်လူနာအသက်များကို ကယ်တင်နိုင်မည်ဖြစ်ပါသည်။
- သွေးရည်ကြည်အလှူရှင်သည် ကိုရိုနာဗိုင်းရပ်(စ်)ပိုး ( SARS-CoV-2) ကူးစက်ခံရပြီး (၂၈) ရက်ထက်မနည်း နေကောင်းနေသူ ဖြစ်ရပါမည်။ အသက်(၁၈)နှစ်မှ (၆၀)နှစ် ရှိရမည်။ ကိုယ်အလေးချိန် ပေါင် ၁၂၀ (ကျား) နှင့် ပေါင် ၁၁၀ (မ) အနည်းဆုံးရှိရပါမည်။ ကျန်းမာနေကောင်းရမည်။ သာမန်သွေးလှူရှင်များ၏ ကျန်းမာရေးကို မထိခိုက်စေရန် ဆောင်ရွက်သော စည်းကမ်းများအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။ သွေးရည် ကြည်မလှူ ဒါန်းမီ ကျန်းမာရေးစစ်ဆေးပေးမည်ဖြစ်သည်။
- အမျိုးသားသွေးဌာနမှ COVD-19 ရောဂါမှ ပြန်လည်ကောင်းမွန်သူများ၏ သွေးရည်ကြည် စုဆောင်းသည့်လုပ်ငန်းကို ဆောင်ရွက်နေပြီး ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ ဇီဝကလမ်းခွဲရှိ ဆေးသုတေသနဦးစီးဌာနတွင် သွေးရည် ကြည် လှူဒါန်းနိုင်ရန် သီးသန့်အခန်း ဖွင့်လှစ်ထားပါသည်။ CoVID-19 ရောဂါ ပြင်းထန်သောလူနာများ၏အသက်ကို ကယ်တင်နိုင်ရန် စေတနာရှင် သွေးရည်ကြည်အလှူရှင်များကို ဖိတ်ခေါ်အပ်ပါသည်။
- သွေးရည်ကြည်လှူဒါန်းရန် အောက်ပါဖုန်းနံပါတ်နှင့် Website တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
၀၉-၅၁၃၀၄၁၈ ၀၉-၅၄၀၂၀၉၈ ၀၉-၉၆၅၁၃၀၄၁၈ www.donatebloodmyanmar.org
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


