ပဲခူး  ၉  မေ

 

ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး ဦးဆောင်သော အသိပညာပေး၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီအဖွဲ့သည် မေလ(၉) ရက်နေ့ နံနက်(၈)နာရီက ပဲခူးမြို့စက်မှုဇုန် အတွင်းရှိ မြန်စတား အထည်ချုပ်စက်ရုံသို့သွားရောက်၍ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

124201

 

အဆိုပါ အသိပညာပေး ဆောင်ရွက်ရာတွင် ဝန်ကြီးက" ဒီနေ့လက်ကမ်းစာစောင် ဖြန့်ဝေပေးတာက တစ်နေ့၊ တစ်ကြိမ်ထဲ လိုက်နာဖို့မဟုတ်ဘဲ ကိုဗစ်-၁၉ ကာလမပြီးဆုံးမချင်း မိမိတို့၏ မိသားစုနဲ့အတူ စနစ်တကျ လိုက်နာစေဖို့၊ အိမ်ပြန်တဲ့အခါနဲ့ အပြင်ထွက်တဲ့အခါ ဆောင်ရန်ရှောင်ရန် အချက်အလက် များကို လိုက်နာဆောင်ရွက်စေဖို့ကို လက်ကမ်းစာစောင်ထဲမှာ စနစ်တကျရေးပေးပြီး ဖြန့်ဝေ ပေးခဲ့ပါတယ်" ဟုပြောကြားသည်။

 

အသိပညာပေး၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးရေးနှင့် ပြန်ကြာူရေးဆပ်ကော်မတီအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးညွှန်ကြားချက်များအား ပဲခူးမြို့ရှိ လူစည်ကားရာ ဈေးများ၊ စက်ရုံအလုပ်ရုံများ၌ အသိပညာပေးများနှိုးဆော်ခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းတို့ကို ဆက်တိုက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)

 

124417