ရန်ကုန် ၂၆ အောက်တိုဘာ

 

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကုမ္ပဏီများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အလှူငွေ၊ CCTV များနှင့် Surgical Masks များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်()ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ပေးအပ်လှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးသံမှူးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးတို့က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ အလှူရှင် ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် Myanmar Posco C&C Co., Ltd တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် Knitted Wear Co., Ltd Digital Technology Co., Ltd နှင့် Sun Grow Power Supply Co.,Ltd တို့မှ တာဝန်ရှိသူများက အလှူငွေ၊ CCTV များနှင့် Surgical Masks များ  ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 

ယနေ့ လှူဒါန်းပွဲတွင် ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် Myanmar Posco C&C Co., Ltd မှ အမေရိကန်ဒေါ်လာ (၅၀၀၀၀) တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် Knitted Wear Co., Ltd က အမေရိကန်ဒေါ်လာ နှစ်သောင်းကျော်နှင့် ညီမျှသော Surgical Masks (၁၅၀၀၀၀) Digital Technology Co., Ltd က အမေရိကန်ဒေါ်လာ တစ်သောင်းကျော်နှင့် ညီမျှသော CCTV များ၊ စပ်ဆက်ပစ္စည်းများနှင့် Sun Grow Power Supply Co.,Ltd မှ ကျပ်ငွေ သိန်း ၃၀ နှင့် ညီမျှသော Surgical Masks (၅၀၀၀၀) ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- မင်းသစ်(MNA)